မူဝါဒနှင့်စည်းမျည်းစည်းကမ်းများ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ခေါ်ယူသော တင်ဒါများကို ဤတင်ဒါ Website တွင် ကြည့်ရှုခြင်း၊ ရှာဖွေခြင်း၊ အခမဲ့ရယူခြင်းနှင့် ဝယ်ယူခြင်းများတို့ကို ပြုလုပ်နိုင်ပါသည်။

တင်ဒါယှဉ်ပြိုင်လိုသူများအနေဖြင့် ချမှတ်ထားသောစည်းကမ်းချက်များ အတိုင်းလိုက်နာ၍ ပူပေါင်းပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆောင်အပ်ပါသည်။

  • အကောင့်များ မှတ်ပုံတင်ရာတွင် ကုမ္ပဏီမှတ်ပုံတင်အမှတ် / လိုင်စင်အမှတ်၊ ဆက်သွယ်ရန်လိပ်စာနှင့် ဖုန်းနံပါတ်အပြည်အစုံထည့်သွင်းပေးရမည်။
  • ကုမ္ပဏီတစ်ခုအနေဖြင့် အကောင့်တစ်ခုသာ ဖွင့်နိုင်မည်ဖြစ်ပါသည်။
  • ကုမ္ပဏီတစ်ခုအနေဖြင့် တင်ဒါအား (၁)ကြိမ်သာဒေါင်းလုပ်ဆွဲခွင့်ပြုသည်။
  • ဒေါင်းလုပ်ဆွဲထားသောတင်ဒါများအား မိတ္တူပွား၍ ကူးယူယှဉ်ပြိုင်ခြင်း မပြုရ။
  • ဒေါင်းလုပ်ဆွဲထားပြီးသော တင်ဒါများအပြောင်းအလဲဖြစ်ပေါ်ပါက အကောင့်မှတ်ပုံတင်ထားသည့် အီးမေးလ်သို့ ဌာနမှ ပြန်လည်အကြောင်းကြားပေးမည် ဖြစ်ပါသည်။
  • အငြင်းပွားမှုတစ်စုံတစ်ရာဖြစ်ပေါ်ပါက ဌာန၏ဆုံးဖြတ်သာလျှင် အတည်ဖြစ်ပါသည်။
  • တင်ဒါများလာရောက်ယှဥ်ပြိုင်ရာတွင် လိမ်လည်မှုတစ်စုံတစ်ရာရှိပါက တည်ဆဲဥပဒေများအရ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါသည်။